Local News

ပဲကြီး၊ ပဲနီပြားနှင့် ပဲလွန်းပြာများ အရောင်းအဝယ်ပုံမှန်ရှိနေ

Last Updated:

စက်တင်ဘာလစတုတ္ထပတ်၌မန္တလေးကုန်စည်ဒိုင်တွင်အရောင်းအဝယ်အေးနေသော်လည်းပြည်တွင်းသုံးပဲများအရောင်းအဝယ်ပုံမှန်ရှိနေကြောင်းသိရသည်။

ပဲကြီး(ကြီး) ၅၅.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၄၁၀၀၀၀မှ ၄၂၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၄၀၀၀၀၀မှ ၄၂၀၀၀၀၊ ယခင်လကျပ် ၃၉၀၀၀၀မှ၄၀၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်အနိမ့်စ ၁၀၀၀၀ ကျပ်၊ ယခင်တစ်ပတ်ထက် ၂၀၀၀၀ ကျပ်ခန့်ဈေးမြင့်တက်လာသည်။

ပဲကြီး(လတ်)၅၅.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၈၀၀၀၀မှ ၄၀၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၃၆၀၀၀၀မှ ၃၈၀၀၀၀၊ ယခင်လကျပ် ၃၆၀၀၀၀မှ၃၇၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၂၀၀၀၀ ကျပ်၊ ယခင်လထက် ကျပ်၂၀၀၀၀မှ ၃၀၀၀၀ ခန့်ဈေးမြင့်လာသည်။

ပဲကြီး(သေး)၅၅.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်ကျပ်၃၀၀၀၀၀မှ ၃၄၀၀၀၀၊ ယခင်လကျပ် ၃၀၀၀၀၀မှ၃၂၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက်အမြင့်စ ၂၀၀၀၀ ကျပ်ခန့်ဈေးမြင့်လာသည်။

ပဲနီပြား(တံတားဦး)၅၅.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် ကျပ် ၄၂၅၀၀၀မှ ၄၃၀၀၀၀၊ ယခင်လ ကျပ် ၄၀၀၀၀၀မှ ၄၁၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၂၀၀၀၀မှ ၂၅၀၀၀ခန့်ဈေးမြင့်တက်လာသည်။

ပဲနီပြား(ကျွန်း) ၅၅.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၅၁၅၀၀၀ မှ ၅၂၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၅၀၀၀၀၀မှ ၅၂၀၀၀၀၊ ယခင်လ ကျပ် ၄၅၀၀၀၀ မှ ၅၀၀၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက် အနိမ့်စ ၁၅၀၀၀ ကျပ်၊ ယခင်လထက် ကျပ် ၂၀၀၀၀မှ ၆၅၀၀၀ ခန့်ဈေးမြင့်တက်လာသည်။

ပဲလွန်းပြာ ၅၄.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၁၉၀၀၀၀မှ ၁၉၅၀၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၁၈၅၀၀၀ မှ ၁၉၀၀၀၀၊ ယခင်လ ကျပ် ၁၈၀၀၀၀ မှ ၁၉၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၅၀၀၀ ကျပ်၊  ယခင်လ ထက် ကျပ် ၅၀၀၀မှ ၁၀၀၀၀ ခန့်ဈေးမြင့်တက်လာသည်။

Category: Local News